Wi Nyin Bat (feat. Nanda Sai)

Sai Sai Kham Leng

ထာဝစဉ်သာ မင်းတစ်ယောက်တည်းပဲချစ်လို့နေပါရစေ
အမြတ်နိုးဆုံးပဲပေါ့ဟေ့ နားလည်မူအပြည့်နဲ့ အချစ်ရေ
ကလေးလေး မင်းပဲချစ်မိပြီ နှလုံးသားလေး
အမက်မောဆုံးပဲပေါ့ဟေ့ ငါ့ဘဝထဲမင်းပဲ အချစ်ရေ
ယုံယုံကြည်ကြည်နာခွင့်တွေ
ယုံယုံကြည်ကြည် ကြင်နာခွင့်လေးတော့ နင် ပေး ရေး ah baby

မိန်းကလေး မင်းက ဝိညာဉ်ဖက်
မိန်းကလေး မင်းက ငါ့ရဲ့လိပ်ပြာ
ငါ့ရဲ့စိတ်မှာ ဒါ emergency ကိစ္စ
မင်းမရှိရင်မဖြစ်လို့ ဒါတကယ် စိတ္တဇ
တစ်ညလုံးပဲ တယ်လီဖုန်းတွေပြောချင်
မင်းစိတ်နဲ့ လေပြေထဲမျောလွင့်
မင်းကလွဲရင် အရာရာချိုးနှိမ်
မင်းမရှိတဲ့ ငါ့ဘဝက ဂျစ်ပ်ဆီမိုးတိမ်
ဒီအချိန်မှာ အချစ်ပဲလိုတာပေါ့
ငါက ဝီစကီဆို နင်က ဆိုဒါပေါ့
ငါထင်တယ် ငါက အာဒံ နင်က ဧဝ
နင့်အရှေ့မှာ ငါပန်းသီလို ကြွေကျ
လူဆိုတာက အမှာနဲ့မကင်းလို့
နားလည်ခြင်းနဲ့ ထာဝရသူငယ်ချင်းလို
မင်းကိုပေးဆပ်မယ် ဘဝနဲ့ ရင်းလို့
ငါနဲ့မင်းက ဓားနဲ့ခရင်းလို

ထာဝစဉ်သာ မင်းတစ်ယောက်တည်းပဲချစ်လို့နေပါရစေ
အမြတ်နိုးဆုံးပဲပေါ့ဟေ့ နားလည်မူအပြည့်နဲ့ အချစ်ရေ
ကလေးလေး မင်းပဲချစ်မိပြီ နှလုံးသားလေး
အမက်မောဆုံးပဲပေါ့ဟေ့ ငါ့ဘဝထဲမင်းပဲ အချစ်ရေ
ယုံယုံကြည်ကြည်နာခွင့်တွေ
ယုံယုံကြည်ကြည် ကြင်နာခွင့်လေးတော့ နင် ပေး ရေး ah baby

လူတိုင်းက တစ်ခါတော့ ရည်းစားထားဖူးတယ်
လူတိုင်းက တစ်ခါတော့ အသည်းကွဲခဲ့ဖူးတယ်
လူတိုင်းက တစ်ခါတော့ အချစ်ကို ရူးတယ်
ငါ့မှာအခု အိုး မင်းကိုရူးတယ်
အချစ်မင်းက ဘုရားပေးတဲ့ဆုပါပဲ
ဟိုးအရင်ခေတ်အဆက်ဆက်က ဖူးစာဖက်
မင်းအတွက်နဲ့ မင်းအကြောင်းပဲတွေးခဲ့
Cinderella လိုတော့မင်းအဝေးထွက်မပြေးနဲ့
အခုဆို ရင်ခုန်သံ‌တွေမြန်နေလို့
ရင်ထဲမှာ တန်ဆောင်တိုင် မီးရှုးခိုပျံတွေလို
လှုပ်ရှားနေလို့ ရင်မှာခိုကိုးလိုက်
ဖြူစင်တဲ့မင်းက ငါ့ရဲ့စနိုးဝှိုက်
ကြင်နာတဲ့အကြည့်က ငါ့ရင်ကို ထိုးစိုက်
ကြင်နာတဲ့အရိပ်နဲ့ ငါ့ကို အုပ်မိုးလိုက်
အနားကိုတိုးလိုက် မင်းရဲ့အချစ်တွေနဲ့
ငါ့ရင်ခွင်ကို မင်း tattoo လိုထိုးလိုက်

ထာဝစဉ်သာ မင်းတစ်ယောက်တည်းပဲချစ်လို့နေပါရစေ
အမြတ်နိုးဆုံးပဲပေါ့ဟေ့ နားလည်မူအပြည့်နဲ့ အချစ်ရေ
ကလေးလေး မင်းပဲချစ်မိပြီ နှလုံးသားလေး
အမက်မောဆုံးပဲပေါ့ဟေ့ ငါ့ဘဝထဲမင်းပဲ အချစ်ရေ
ယုံယုံကြည်ကြည်နာခွင့်တွေ
ယုံယုံကြည်ကြည် ကြင်နာခွင့်လေးတော့ နင် ပေး ရေး
ထာဝရအတွက် ငါဟာ မင်းအတွက်
အမြဲတမ်းအတွက်ပါ နှလုံးသား ဝိညာဉ်ဖက်

Curiosidades sobre la música Wi Nyin Bat (feat. Nanda Sai) del Sai Sai Kham Leng

¿Cuándo fue lanzada la canción “Wi Nyin Bat (feat. Nanda Sai)” por Sai Sai Kham Leng?
La canción Wi Nyin Bat (feat. Nanda Sai) fue lanzada en 2012, en el álbum “Date Date Kye'”.

Músicas más populares de Sai Sai Kham Leng

Otros artistas de Asiatic music